ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ ပြုလုပ်ရမည်၊ ဆန်းသစ်တီထွင်မှုကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ရမည်၊ လက်တွေ့ကျကျ ကြိုးပမ်း အားထုတ်ရမည်၊ ကမ်စုပြည်နယ် ဖွံ့ဖြိုးလာအောင်၊ ပြည်သူများ ချမ်းသာလာအောင် ဆောင်ရွက်ရမည်၊ ကမ်စုပြည်နယ်၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည်ဟု ပြောကြား

(GMT+08:00)2024-09-13 15:59:24  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုရက်များတွင် ကမ်စုပြည်နယ်၌ လေ့လာ ကြည့်ရှုခဲ့ရာတွင်၊ ကမ်စုပြည်နယ်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အနောက်ပိုင်းဒေသ ဖွံ့ဖြိုးရေး၊ မြစ်ဝါမြစ် မြစ်ဝှမ်းဒေသ ဂေဟစနစ် ထိန်းသိမ်း ကာကွယ်ရေးနှင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအမံ ဆုံးဖြတ် ချက် များကို နက်ရှိုင်းစွာ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေး အတွေးအခေါ်ကို ဘက်စုံ တိကျ မှန်ကန်စွာ ဖော်ဆောင်ပြီး တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး အခြေခံမူကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ဂေဟစနစ် ထိန်းသိမ်း ကာကွယ်ခြင်း၊ ကာဗွန် ထုတ်လွှတ်မှုနည်းပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို တစ်ဆင့်တိုး ဇောက်ချ ပြုလုပ်ခြင်း၊ ကျေးလက်ဒေသ ဘက်စုံ ရှင်သန်ခြင်း၊ ပြည်သူလူထု နေထိုင်မှုဘဝ အာမခံ ပေးခြင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု တိုးမြှင့်ခြင်းတို့ကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သာယာချမ်းသာသော ကမ်စုပြည်နယ်ကို ပိုမို လျင်မြန်စွာ တည်ဆောက်ပြီး ကမ်စုပြည်နယ်၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို အဆက် မပြတ် ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရှီကျင့်ဖိန်သည် ကမ်စုပြည်နယ် ထျန်းရွှေမြို့၊ လန်ကျိုးမြို့ စသည့်နေရာများသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ပါသည်။