စက်တင်ဘာလ ၁၃ ရက်နေ့တွင် တရုတ်နှင့်အာဆီယံနိုင်ငံများသည် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏လုပ်ဆောင်ချက် ကြေညာစာတမ်းကို အကောင်အထည် ဖော်ရေး ၂၂ ကြိမ်မြောက် အဆင့်မြင့်အရာရှိများ အစည်းအဝေးကို Xi'an ၌ ကျင်းပခဲ့သည်။
အဆိုပါ ကြေညာစာတမ်းကို အပြည့်အဝ ထိထိရောက်ရောက် ဆက်လက် အကောင် အထည် ဖော်ရန်နှင့် အဏ္ဏဝါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သိပ္ပံနည်းပညာ သုတေသန၊ ရှာဖွေကယ်ဆယ်ရေးနှင့် ဥပဒေစိုးမိုးရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားရန် ဘက်အသီးသီးတို့ သဘောတူညီခဲ့ကြသည်။