ယခုလ ၁၂ ရက်နေ့ နံနက်ပိုင်းက Guangxi ဒေသ Guilin မြို့ Quanzhou ခရိုင် ကြက်ခြေနီအသင်းမှ စေတနာ့ဝန်ထမ်းဆရာများသည် ကျောင်းသားများ၏ မိမိကိုယ်ကို ကယ်တင်နိုင်စွမ်း မြှင့်တင်ရန် Chengxi အလယ်တန်းကျောင်းတွင် ကျောင်းသား ၁၅၀၀ ကျော်အား အသက်ရှူကူခြင်းနှင့် ရင်ဘတ်ဖိခြင်းစသည့် အရေးပေါ် အသက် ကယ်သည့် ရှေးဦးသူနာပြုစုနည်းများကို လက်တွေ့ပြသခဲ့သည့်အပြင်၊ မတော်တဆ ထိခိုက် ဒဏ်ရာရရှိမှုများအတွက် အရေးပေါ် ရှေးဦးသူနာပြုစုနည်းများကိုလည်း သင်ကြား ပို့ချ ခဲ့ကြပါသည်။









