ယခုလ ၁၃ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ၁၁ကြိမ်မြောက် ဘေကျင်း Xiangshan ဖိုရမ် ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က လက်ရှိတွင် ကမ္ဘာသည် နှစ်တစ်ရာ၌ မကြုံစဖူး ကြီးမားသော ပြောင်းလဲမှုကို ရင်ဆိုင်နေရကြောင်း၊ နိုင်ငံ အသီးသီးမှ ပြည်သူများသည် လုံခြုံရေးနှင့် တည်ငြိမ်ရေး အပေါ် မျှော်လင့်ချက် ထားရှိကြောင်း၊ ယင်း အခြေအနေမျိုးတွင် တရုတ် နိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို ဖော်ဆောင်ပြီး ဘက်အသီးသီးမှ သဘောတူညီမှုများကို အဆက်မပြတ် စုစည်းကာ နိုင်ငံတကာ ပဋိပက္ခများ ဖြစ်ပွားစေသည့် အရင်းအမြစ်များကို ဖယ်ရှားရန် တွန်းအားပေး၍ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ပြီး ရေရှည် ငြိမ်းချမ်းရေးနှင့် ယေဘုယျ လုံခြုံရေး ရှိသော ကမ္ဘာကို အတူတကွ တည်ဆောက်ရေး အတွက် ဆက်တိုက် အားထုတ်ကြိုးပမ်းနေ ကြောင်း၊ ယခုအကြိမ် ဖိုရမ်သည် တန်းတူညီမျှရေး၊ တံခါးဖွင့်မှု၊ ဘက်ပေါင်းစုံ ပါဝင်ရေးနှင့် အပြန်အလှန် နည်းယူ လေ့လာရေး စိတ်ဓာတ်များကို ဆက်လက် စွဲကိုင်ထားပြီး သဘောတူညီမှုများကို စုစည်းကာ အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေ၍ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုကို အတူတကွ ရင်ဆိုင်ဖြေရှင်းရေးနှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေး အတွက် ပိုမို ကြီးမားသည့် အကျိုးပြုမှုသစ်များ ကို စွမ်းဆောင်နိုင်ရန် မျှော်လင့်ကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြ ထားသည်။