စက်တင်ဘာလ ၁၂ရက်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန် သည့် သတင်းအရ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ကယ်ဆယ်ရေးသမားများသည် ရေကြီးမှုဖြစ်ပွားရာနေရာတွင် သေဆုံးသူများ၏ ရုပ် အလောင်း ၇ လောင်းကို ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရပါသည်။ လက်ရှိ အချိန်အထိ ရမည်းသင်းမြို့နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူဦးရေ ၁၇ဦးအထိ မြှင့်တက်လာ ပြီး ရေဘေးသင့်သူ ဦးရေမှာ ၅၃,၀၀၀ ကျော် ရှိပါသည်။
သက်ဆိုင်ရာဌာနများသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ် ပြီး ရေဘေး သင့် ပြည်သူများကို နေရာများ ရွှေ့ပြောင်းပေးကာ ပြန်လည် နေရာချထားပေး လျက်ရှိ ကြောင်း သတင်းအရ သိရှိရသည်။