Harrisနှင့် သမ္မတရွေးကောက်ပွဲတွင် နောက်ထပ်တစ်ကြိမ် စကားစစ်ထိုးမည် မဟုတ်ကြောင်း Trumpဆို

(GMT+08:00)2024-09-13 13:26:05  

ဒေသစံတော်ချိန် ယခုလ ၁၂ ရက်နေ့က အမေရိကန် ရီပတ်ဘလီကန် သမ္မတလောင်း၊ သမ္မတဟောင်း Trump က လက်ရှိ ဒုသမ္မတနှင့် ဒီမိုကရက်တစ် သမ္မတလောင်း Harris တို့နှင့် ပထမဆုံးအကြိမ် သမ္မတ စကားစစ်ထိုးပွဲအပြီးတွင် Harris နှင့် သမ္မတရွေးကောက်ပွဲတွင် နောက်ထပ်တစ်ကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်မည် မဟုတ်ကြောင်း  ပြောကြားခဲ့သည်။

Trump သည် ထိုနေ့တွင် သူ၏ လူမှုမီဒီယာ "Truth Social" တွင် "စကားစစ်ထိုးပွဲ တတိယအကြိမ် မရှိ”ဟု ရေးသားထားသည်။