လီချန်သည် ဆော်ဒီ အိမ်ရှေ့မင်းသားနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-09-13 11:40:33  

ဒေသ စံတော်ချိန် ယခုလ ၁၁ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် လီယပ် ဘုရင့်နန်းတော်တွင် ဆော်ဒီ အာရေဗျ နိုင်ငံ အိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Muhammad နှင့် တွေ့ဆုံဆွေးနွေးပြီး တရုတ်-ဆော်ဒီ အာရေဗျ အဆင့်မြင့် ပူးတွဲ ကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးကို အတူတကွ ကြီးမှူးကျင်းပခဲ့ကြသည်။

လီချန်က တရုတ် နိုင်ငံသည် ဆော်ဒီအာရေဗျ နိုင်ငံနှင့် အပြန်အလှန် အားပေးထောက်ခံမှုနှင့် အပြန်အလှန် အကျိုးရှိစေရေးကို ပြတ်ပြတ်သားသား စွဲကိုင် ဆောင်ရွက်ပြီး တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်နိုင်ငံ၏ အရေးကြီး အခွင့်အလမ်း အဖြစ် ခိုင်မာစွာ မှတ်ယူကာ အဆင့်မြင့် ပူးတွဲ ကော်မတီ ယန္တရား၏ အခန်းကဏ္ဍကို တစ်ဆင့်တိုး ပြသ၍ နှစ်နိုင်ငံ ဆက်ဆံမှုကို ပိုမို ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုသစ်များ ရရှိရန် တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ချမ်းသာသုခများကို အဆက်မပြတ် တိုးပွားစေလိုကြောင်း ပြောကြားခဲ့သည်။

Muhammadက ဆော်ဒီ အာရေဗျ နိုင်ငံသည် ပါလက်စတိုင်း ပြဿနာနှင့် ပတ်သက်၍ တရုတ် နိုင်ငံ၏ တရားမျှတသော သဘောထား ရပ်တည်ချက် စွဲကိုင်ထားခြင်းကို လွန်စွာ ချီးကျူးပြီး နိုင်ငံတကာ ဘက်ပေါင်းစုံ ရေးရာများတွင် တရုတ် နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်မှု များကို ရင်းနှီးစွာ ပြုလုပ်လိုကြောင်း ပြောကြားခဲ့သည်။