ရှီကျင့်ဖိန်သည် မြစ်ဝါမြစ်ဝှမ်း ဂေဟစနစ်ကာကွယ်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဦးစီးကျင်းပ

(GMT+08:00)2024-09-13 13:17:49  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၁၂ရက်နေ့ ညနေပိုင်းတွင် ကန်စုပြည်နယ် လန်ကျိုးမြို့၌ မြစ်ဝါမြစ်ဝှမ်း ဂေဟစနစ်ကာကွယ်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးအား အလေးထားခြင်း ဖြစ်သည့် မဟာဗျူဟာမြောက် အချက်များကို စွဲကိုင်ရမည်ဖြစ်ကြောင်း၊ ဂေဟစနစ်ဦးစားပေးရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုး တိုးတက် ရေး ကို စွဲကိုင်ခြင်း၊ ရေအရင်းအမြစ် အခြေအနေအရ ဆောင်ရွက်ခြင်း၊ ရေချွေတာမှုကို ဦးစား ပေး ခြင်းနှင့် ဒေသဆိုင်ရာ အခြေအနေများအတိုင်း ခွဲခြား စီမံခန့်ခွဲခြင်းတို့ကို စွဲကိုင်ရမည် ဖြစ် ကြောင်း၊ မြစ်ဝှမ်းတစ်ခုလုံး၏ ဂေဟစနစ် ကာကွယ်ရေးကို အဆင့်သစ်သို့ တိုး မြှ င့် ခြင်း၊ အစိမ်း ရောင် အသွင်ကူးပြောင်းရေးတွင် တိုးတက်မှုအသစ်ရရှိခြင်း၊ အရည်အ သွေး မြင့် ဖွံ့ဖြိုး တိုးတက်မှုတွင် အောင်မြင်မှု ရလဒ်အသစ်များရရှိခြင်း၊ ပြည်သူများ၏ နေထိုင်မှုဘဝ တိုးတက် မှုသစ် များ ရရှိခြင်းတို့ကို တွန်းအားပေးပြီး မြစ်ဝါမြစ်ဝှမ်း ဂေဟစနစ် ကာကွယ်ရေးနှင့် အရည် အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ် ပေးရမည် ဖြစ် ကြောင်း ပြော ကြား ခဲ့ပါသည်။