ဝမ်ယိသည် အီရန်၏ အမြင့်ဆုံး နိုင်ငံတော် လုံခြုံရေး ကောင်စီ အတွင်းရေးမှူး Ahmadianနှင့် တွေ့ဆုံ

(GMT+08:00)2024-09-13 13:04:44  

စက်တင်ဘာလ ၁၂ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိသည် St. Petersburg၌ အီရန်အမြင့်ဆုံး နိုင်ငံတော် လုံခြုံရေး ကောင်စီ အတွင်းရေးမှူး Ahmadianနှင့် တွေ့ဆုံခဲ့ပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် ဂါဇာကမ်းမြောင်ဒေသပြဿနာနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြသည်။ ဝမ်ယိသည် တရုတ်နိုင်ငံ၏ မူရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ပါသည်။ လောလောဆယ် တွင် အပစ်အခတ် ထာဝရရပ်စဲရေး နှင့် စစ်တပ်များ ရုပ်သိမ်းရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း”ကို အမြန်ဆုံး ပြန်လည် စတင်ရန် ကြိုးပမ်းအားထုတ်ကြောင်း၊ နောက်ဆုံးတွင် “ပါလက်စတိုင်းပြည်သူများ၏ ပိုင်ဆိုင်ရေး၊ ပါလက်စတိုင်းပြည်သူများ၏ ဦးဆောင်ရေး၊ ပါလက်စတိုင်းပြည်သူများက ပါလက်စတိုင်း အုပ်ချုပ်ရေး”ကို အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှစ်ဖက်တို့က အလေးထား ပြောကြားခဲ့ကြပါသည်။