စက်တင်ဘာလ ၁၂ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိသည် St. Petersburg ၌ အိန္ဒိယ နိုင်ငံတော် လုံခြုံရေး အကြံပေးအရာရှိ Dovalနှင့် တွေ့ဆုံခဲ့ပါသည်။
ယခုတလော နယ်စပ် ရေးရာဆွေးနွေးပွဲတွင် ရရှိခဲ့သော တိုးတက်မှုကို ဆွေးနွေးခဲ့ရာ၌ နှစ်ဖက်တို့က တရုတ်-အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်မှုကို အကောင်အထည်ဖော်ရေးသည် နှစ်နိုင်ငံ ပြည်သူလူထု၏ အရင်းခံနှင့်ရေရှည်အကျိုးစီးပွားနှင့်ကိုက်ညီပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိကြောင်း ယူဆကြပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီး နားလည်မှုနှင့် အပြန် အလှန်ယုံကြည်မှုကို ကြိုးပမ်းအားထုတ် တိုးပွားစေကာ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန် စေဖို့ အတွက် အခြေအနေကို ဖန်တီးပေး၍ ဆက်သွယ်မှုကို ဆက်လက် ထိန်းထားရန် နှစ်ဖက် သဘောတူညီခဲ့ကြ သည်။