တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသည် အာဖရိကနိုင်ငံများနှင့် အတူတကွဖွံ့ဖြိုး တိုးတက်မှု စီးပွားရေးမိတ်ဖက်ဆက်ဆံရေး မူဘောင်သဘောတူစာချုပ်ကို ရေးထိုးချုပ်ဆို ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေး ကျင်းပစဉ်အတောအတွင်း တရုတ်နိုင်ငံသည် အီသီယိုးပီးယား၊ ဘူရွန်ဒီ၊ အီဂွေတိုရီယက်ဂီနီ၊ ကွန်ဂိုသမ္မတနိုင်ငံနှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံအပါအဝင် အာဖရိကနိုင်ငံ ၂၂ နိုင်ငံနှင့် မူဘောင်သဘောတူစာချုပ်နှင့် ပတ်သက်ပြီး သဘောတူညီမှုများ ရရှိကာ အသီးသီးရေးထိုးချုပ်ဆိုခဲ့သည်ဟု သတင်းအရ သိရှိရပါသည်။
တရုတ်နိုင်ငံသည် ဆန္ဒရှိသော အာဖရိကနိုင်ငံများနှင့် ဆက်သွယ်ရေးကို ဆက်လက် မြှင့်တင်ပြီး ဘေကျင်းထိပ်သီးအစည်းအဝေး၏ အောင်မြင်မှုရလဒ်ကို အကောင်အထည် ဖော်ကာ တံခါးဖွင့်ရေးကို တိုးချဲ့ပြုလုပ်၍ သဘောတူစာချုပ်နှင့် နောက်ဆက်တွဲအကျိုး ရလဒ်များကို နှစ်ဖက်စလုံးမှ လုပ်ငန်းများနှင့် ပြည်သူများအား အမြန်ဆုံး ခံစားစေနိုင်ရန် ကြိုးပမ်း ဆောင်ရွက်မည် ဟု သတင်းအရ သိရှိရပါသည်။
တရုတ် သည် အာဖရိကနိုင်ငံ ၂၂ နိုင်ငံနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှု စီးပွားရေး မိတ်ဖက်ဆက်ဆံရေး မူဘောင်သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့
(GMT+08:00)2024-09-13 12:58:26