တရုတ်နိုင်ငံသည် ၁၅ နှစ်ဆက်တိုက် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာ

(GMT+08:00)2024-09-12 11:08:27  

၂၀၁၃ ခုနှစ်မှ စ၍ တရုတ်နှင့် အာဆီယံအကြား ကုန်သွယ်မှုပမာဏမှာ နှစ်စဉ် ပျမ်းမျှ ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နှစ်ဖက်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၉၁၁ ဒသမ ၇ ဘီလီယံအထိ ရှိလာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်အဖြစ် ၁၅ နှစ်ဆက်တိုက် ရပ်တည်ခဲ့ပြီး အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်အဖြစ် လေးနှစ် ဆက်တိုက် ရပ်တည်ခဲ့ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သော တရုတ်နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲမှ သတင်းအရ သိရပါသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်နှင့်အာဆီယံနှစ်ဖက်အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၅၂ ဘီလီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၇.၇ ရာခိုင်နှုန်း တိုးမြင့်လာကာ အလားတူအချိန်ပိုင်းတွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏ၏ ၁၅.၈ ရာခိုင်နှုန်းရှိကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံသို့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၉၆ ဘီလီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၅.၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သတင်းအရ သိရပါသည်။