စက်တင်ဘာလ ၁၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိ သည် စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသော ၁၄ ကြိမ်မြောက် BRICS အဖွဲ့ဝင်နိုင်ငံများ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရေးနှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ ဆွေးနွေးခဲ့ပါသည်။
တရုတ်နိုင်ငံသည် အဆိုပြုချက် ၄ ရပ်ကို တင်ပြခဲ့ပါသည်။ ပထမအချက်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၏ လက်တွေ့ဖော်ဆောင်သူ ဖြစ်ခြင်း ၊ ဒုတိယအချက်မှာ နိုင်ငံပေါင်းစုံဝါဒ၏ တည်ဆောက်သူ ဖြစ်ခြင်း ၊ တတိယ အချက်မှာ နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းမှု၏ တွန်းအားပေးသူ ဖြစ်ခြင်း ၊စတုတ္ထ အချက်မှာ တရားမျှတမှု၏ ကာကွယ်သူ ဖြစ်ခြင်းတို့ ဖြစ်ပါသည်။
ဝမ်ယိ က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ဖော်ပြသော တစ်ကမ္ဘာလုံး လုံခြုံရေး အဆိုပြုချက်သည် လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုမြှင့််တင်ရေး၊ လုံခြုံရေးအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရေး၊ လုံခြုံရေးအကျပ်အတည်းကို ပပျောက်စေရေးအတွက် လမ်းညွှန် ချက်ကို ပေးထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံမိတ်ဖက်များနှင့်အတူ တစ်ကမ္ဘာလုံးလုံခြုံရေးအဆိုပြုချက်ကို ဘက်စုံအကောင်အထည်ဖော်ပြီး BRICS အဖွဲ့ဝင်နိုင်ငံများ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ်နက်ရှိုင်းစေကာ ငြိမ်းချမ်းတည်ငြိမ်သောကမ္ဘာကြီးကို အတူတကွတည်ဆောက်၍ ပိုမိုသာယာသော အနာဂတ်ကို အတူတကွ ဖန်တီးရန် ဆန္ဒရှိကြောင်း အလေးထားပြောကြားခဲ့ပါသည်။