ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အမျိုးသမီးများဖိုရမ်ကို ယခုလ ၁၁ ရက်နေ့က စန်းတုန်းပြည်နယ် Qindaoမြို့တွင် ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်လုံး ဆိုင်ရာအမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌ Chen Yiqin သည် သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ် လွှာကို ဖတ်ကြားပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
Chen Yiqin က တရုတ်နိုင်ငံအနေနှင့် သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြု သဝဏ်လွှာ ကို လမ်းညွှန်ချက်အဖြစ်ထားပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဘက်အသီးသီးတို့နှင့် လက်တွဲကာ Astana ထိပ်သီးများဖိုရမ်မှ ရရှိသည့် သဘောတူညီမှုများကို အကောင်အထည် ဖော်ဆောင်ပြီး ရှန်ဟိုင်းစိတ်ဓာတ် ကို တိုးပွားကာ၊ အမျိုးသမီးများ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ၍ နိုင်ငံအသီးသီးတို့မှ အမျိုးသမီး ရေးရာ လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် တစ်ဆို့တိုး အကျိုးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရပါသည်။