တရုတ်နှင့်ဖိလစ်ပိုင်တို့သည် တောင်ပင်လယ်ရေးရာ နှစ်ဖက် ညှိနှိုင်းရေး စနစ် (BCM)အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံပွဲကို ကျင်းပ

(GMT+08:00)2024-09-12 13:54:46  

စက်တင်ဘာလ ၁၁ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး Chen Xiaodong နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး Lazaro တို့သည် ဘေကျင်းမြို့၌ တောင်ပင်လယ် ရေးရာ တရုတ်နှင့်ဖိလစ်ပိုင် ညှိနှိုင်း ရေးစနစ် (BCM)အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် တရုတ်နှင့်ဖိလစ်ပိုင်တို့၏ ပင်လယ်ရေးရာ အထူးသဖြင့် ရှန်ဘင် ကျောက်တန်း အရေးနှင့်ပတ်သက်၍ ပွင့်လင်းပြီး နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါ သည်။ တရုတ်နိုင်ငံက ရှန်ဘင် ကျောက်တန်း ရေးရာအပေါ် မူရပ်တည်ချက်ကို ထပ်လောင်း ဖော်ပြပြီး ဖိလစ်ပိုင်အား သက်ဆိုင်ရာသင်္ဘောများ ချက်ချင်း ဆုတ်ခွာပေး ရန် ပြောကြားခဲ့  ပါသည်။ တရုတ်နိုင်ငံသည် အချုပ်အခြာအာဏာနှင့် “တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက်ကြေညာစာတမ်း”၏ တည်ကြည်လေးနက်မှုနှင့် ထိရောက်မှုကို ပြတ်သားစွာ ထိန်းသိမ်းစောင့်ရှောက်မည်ဟု ပြောကြားခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် BCM စသော သံတမန်ရေးလမ်းကြောင်းများမှတစ်ဆင့် ဆက်လက် ကူးလူးဖလှယ်ကြရန် သဘော တူညီ ခဲ့ကြပါသည်။