၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ နန်နင်းမြို့၌ ကျင်းပမည်

(GMT+08:00)2024-09-12 11:08:54  

၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကွမ်ရှီး နန်နင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသည် ယခုအကြိမ် ကုန်စည်ပြပွဲတွင် အဓိက မိတ်ဆက်ပေးနိုင်ငံ ဖြစ်ကြောင်း၊ ပြပွဲသည် စတုရန်းမီတာ ၂ သိန်း နီးပါး ကျယ်ဝန်းပြီး ကုမ္ပဏီပေါင်း ၃၀၀၀ ကျော် ပါဝင်ပြသကာ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် တွဲဖက်လှုပ်ရှားမှုများကို ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေး ရုံးမှ  စက်တင်ဘာလ ၁၁ ရက်နေ့ က ထုတ်ပြန်ခဲ့သော သတင်းအရ သိရပါသည်။

ထို့အပြင် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေး ကိုလည်း စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ နန်နင်းမြို့တွင် ကျင်းပမည် ဖြစ်ပါသည်။ ယခုအကြိမ်အစည်းအဝေးတွင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာသစ်၊ လိုအပ်ချက်သစ်နှင့် ထူးခြားချက်သစ်များကို ဝိုင်းဝန်းပြီး အနောက်ပိုင်းဒေသ ကုန်းမြေ-ပင်လယ်စင်္ကြံအသစ်တည်ဆောက်ရေး၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားနှင့် အစိမ်း ရောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ပါသည်။