ကာတာနိုင်ငံဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီး Mohammed၊ အီဂျစ်နိုင်ငံ ထောက်လှန်းရေးဗျူရို အကြီးအကဲ Kamel တို့သည် စက်တင်ဘာလ ၁၁ရက်နေ့ညက ကာတာနိုင်ငံ ဒိုဟာမြို့တော်၌ ဟားမတ်စ်အဖွဲ့၏ စေ့စပ် ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေသစံတော်ချိန် စက်တင်ဘာလ ၁၁ရက်နေ့က သတင်းအရ သိရပါသည်။
ဟားမတ်စ်အဖွဲ့၏စေ့စပ်ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ကို ဟားမတ်စ်နိုင်ငံရေး အဖွဲ့ဝင် Khalil al-Hayyaက ဦးဆောင်ပါသည်။ ထိုနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် အဖွဲ့သုံးဖွဲ့တို့သည် ဟားမတ်စ်အဖွဲ့၏တောင်းဆိုချက်အရ အစ္စရေးမှ ပြန်လွှတ်ပေးသော ပါလက်စတိုင်းအဖမ်းခံရသူ အရေအတွက် အပါအဝင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အသေးစိတ်ကိစ္စများနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ ကြကြောင်း သတင်းအရ သိရှိရ သည်။