ရှီကျင့်ဖိန်သည် ၂၀၂၄ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ သို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-09-12 13:50:17  

        စက်တင်ဘာလ ၁၂ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည်  ၂၀၂၄ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

        ယင်း ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကို ၁၀ ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယင်းသည် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေး ၏ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို ရှင်းလင်းစွာ ပြသထားပြီး တံခါးဖွင့်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်ရန်အတွပ် တက်ကြွစွာ အကျိုးဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံ အသီးသီးတို့နှင့်အတူ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း၏ ရှေ့အလားအလာကို လိုက်လျော ညီထွေ ဖြစ်စေရန်အတွက် အခွင့်အလမ်းများကို အတူမျှဝေရန်၊ ပူးပေါင်းဆောင်ရွက်မှုကို အတူပြုလုပ်ကြရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို အတူ တွန်းအားပေးကြရန်နှင့် နိုင်ငံအသီးသီးမှ ပြည်သူများ၏ သုခချမ်းသာ အကျိုးစီးပွားများကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ရေးသားဖော်ပြထားသည်။

        ၂၀၂၄ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဘေကျင်းမြို့၌ စတင်ကျင်းပခဲ့ပြီး ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ "တစ်ကမ္ဘာလုံးမှ ဝန်ဆောင်မှုများကို အပြန်အလှန်မျှဝေခံစားခြင်း"ဖြစ်သည်။