ဆူဒန် ပဋိပက္ခဖြစ်နေသော နှစ်ဖက်အကြား ဆွေးနွေးညှိနှိုင်းမှုကို မြှင့်တင်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ ရှာကြံရန် အားထုတ်ရမည်ဟု တရုတ်ပန်ကြား

(GMT+08:00)2024-09-12 13:57:30  

စက်တင်ဘာလ ၁၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဆူဒန်အပေါ် ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးရေး ဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်းအတည်ပြုခဲ့ပြီး ဆူဒန် ပိတ်ဆို့မှု ကော်မတီ၏ လုပ်ပိုင်ခွင့်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့အထိ သက်တမ်းတိုးခဲ့ကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းဒုကိုယ်စားလှယ် Dai Bing သည် ဆူဒန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီ မှ စက်တင်ဘာလ ၁၁ ရက်နေ့တွင်  မဲခွဲဆုံးဖြတ်ပြီးနောက် ရှင်းလင်းချက်မိန့်ခွန်းပြောကြားရာ၌ လုံခြုံရေးကောင်စီသည် ပဋိပက္ခဖြစ်နေသော နှစ်ဖက်အကြား ဆွေးနွေးညှိနှိုင်းမှုကို မြှင့်တင်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ ရှာကြံရန် အားထုတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။