ရှီကျင့်ဖိန်သည် ကမ်စုပြည်နယ် လန်ကျိုးမြို့၌ လေ့လာ ကြည့်ရှု

(GMT+08:00)2024-09-12 13:19:37  

   စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ်စုပြည်နယ် လန်ကျိုးမြို့ရှိ ကျော်လင်ရှီ လူနေရပ်ကွက်နှင့် မြစ်ဝါမြစ်ဖြတ် လန်ကျိုးကျုံးရှန် တံတားကို  လေ့လာ ကြည့်ရှုခဲ့ပြီး ဒေသခံ လူနေရပ်ကွက်ရှိ ပြည်သူများအား ဝန်ဆောင်မှုပေးရေး၊ ရပ်ရွာအေးချမ်းမှု စီမံခန့်ခွဲရေးနှင့် မြစ်ဝါမြစ် မြစ်ဝှမ်းဒေသများ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး အခြေအနေများကို လေ့လာကြည့်ရှုခဲ့ပါသည်။