စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ထားသော ZQ-3 VTVL-1 ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံအား Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ၁၀ ကီလိုမီတာအဆင့် ဒေါင်လိုက်အတက်အဆင်းနှင့် ပြန်လည် ဆင်းသက်ခြင်း စမ်းသပ်မှုကို ပြီးမြောက်ခဲ့ ကြောင်း၊ ၎င်းသည် တရုတ်နိုင်ငံ စီးပွားဖြစ် အာကာသယာဉ်လုပ်ငန်း၏ ပြန်လည်အသုံးပြုနိုင်သော သယ်ဆောင်ဒုံးပျံ နည်း ပညာတွင် ထိုးဖောက်အောင်မြင်မှုရရှိခဲ့သည်ဟုပြဆိုထားကြောင်း၊ အနာဂတ်တွင် သယ်ဆောင်မှု ပမာဏ ကြီးမားပြီး ကုန်ကျစရိတ်နည်းသော၊ ကြိမ်နှုန်းမြင့်ပြီး ပြန်လည်အသုံးပြုနိုင်သည့် အာကာသလွှတ်တင်မှုများကို လက်တွေ့အကောင်အထည်ဖော်ရန် အဓိကခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရပါသည်။
ပြန်သုံးနိုင်သော ZQ-3 ဒုံးပျံသည် ၁၀ ကီလိုမီတာ ဒေါင်လိုက် အတက်အဆင်း၊ ပြန်လည်ဆင်းသက်ခြင်း စမ်းသပ်မှုကို ပြီးမြောက်
(GMT+08:00)2024-09-12 13:55:37