ယူကရိန်းကို အမေရိကန်က တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးလျှင် ရုရှားက တုံ့ပြန်လိမ့်မည်ဟု Peskov ဆို

(GMT+08:00)2024-09-12 13:55:10  

ယူကရိန်း၏ တာဝေးပစ်လက်နက်များ အသုံးပြုမှုအပေါ် ကန့်သတ်ချက်များ ထပ်မံ ရုပ်သိမ်းသွားမည့် အလားအလာနှင့် ပတ်သက်၍ ရုရှားသမ္မတ၏ သတင်းထုတ်ပြန်ရေး အတွင်းဝန် Peskov က အကယ်၍ အမေရိကန်က ယူကရိန်းအား တာဝေးပစ် ကြည်းတပ် စစ်ဗျူဟာသုံး ဒုံးကျည်စနစ်များ အသုံးပြုခွင့် ပေးပြီး ရုရှားကို နက်ရှိုင်းစွာ တိုက်ခိုက်လျှင် ရုရှားနိုင်ငံသည် သက်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ် မည်ဟု  ပြောကြားခဲ့ ပါသည်။

အနောက်တိုင်းမီဒီယာအများအပြား၏ ဖော်ပြချက်အရ အမေရိကန်သမ္မတ ဘိုင်ဒန်က ရုရှားကို တိုက်ခိုက် ရန်အတွက် ယူကရိန်းအား အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးရန် ဖြစ်နိုင်ခြေကို လေ့လာနေသည်ဟု ဒေသစံတော်ချိန် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ ကြောင်း သတင်းအရ သိရှိရသည်။