စက်တင်ဘာလ ၁၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိ သည် စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသော ၁၄ ကြိမ်မြောက် BRICS အဖွဲ့ဝင်နိုင်ငံများ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းများကို စိစစ်ခဲ့ ပါသည်။
ဝမ်ယိ က လက်ရှိနိုင်ငံတကာလုံခြုံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာကြောင်း၊ BRICS အဖွဲ့ဝင်နိုင်ငံများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ဆိုက်ဘာလုံခြုံရေး ရေးရာများ တွင် ရပ်တည်ချက်တူညီပြီး အကျိုးစီးပွားတူညီသဖြင့် သဘောတူညီမှုများကို စုစည်းပြီး ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်၍ သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ခြေလှမ်း မှန်မှန်ဖြင့် ရေရှည်လုပ်ဆောင်နိုင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဝမ်ယိ သည် အဆိုပြုချက် ၄ ရပ်ကို တင်ပြခဲ့ပါသည်။ ပထမအချက်မှာ မှန်ကန်သော အတွေးအမြင်ကို စွဲကိုင်ထားခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ လက်တွေ့ကျပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ခြင်း ဖြစ်ပါသည်။ တတိယအချက်မှာ စည်းလုံးညီညွတ်သော စိတ်ဓာတ်ကို ဖော်ပြခြင်း ဖြစ်ပါသည်။ စတုတ္ထ အချက်မှာ တစ်ကမ္ဘာလုံး စီမံခန့်ခွဲရေးကို ပြီးပြည့်စုံ ကောင်းမွန်လာစေခြင်း ဖြစ်ပါသည်။
BRICS အဖွဲ့ဝင်နိုင်ငံများ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ဆိုက်ဘာလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့်ပတ်သက်သော ဝမ်ယိ ၏ ပြောဆိုချက်
(GMT+08:00)2024-09-12 11:07:29