နိုင်ငံခြား လုပ်ငန်းရှင်များ ဘာကြောင့် တရုတ်နိုင်ငံမှာ ပိုနီးကပ်စွာ ငွေကို ရင်းနှီးမြှုပ်နှံချင်တာလဲ

(GMT+08:00)2024-09-12 11:07:00  

   တရုတ်နိုင်ငံ ရှာ့မင်မြို့မှာ ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု ကုန်စည်ပွဲမှာ ဂျာမနီနိုင်ငံ အသေးစားနှင့် အလတ်စား လုပ်ငန်းကုမ္ပဏီများ Verband Deutscher Hidden Champions အသင်း ဥက္ကဋ္ဌ ဝါတာ တော်လင်က ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ကျွန်တော်က တရုတ်နိုင်ငံကို ဆယ်ကြိမ်ကျော် လာရောက်ခဲ့ဖူးတယ်၊ အကြိမ်တိုင်းမှာ ရည်မှန်းချက် တူညီပြီး အဲဒါကတော့ တရုတ်နိုင်ငံမှာ ပိုနီးကပ်စွာ ငွေကိုရင်းနှီးမြှုပ်နှံချင်တာပဲ ဖြစ်တယ်လို့ China Media Groupမှ သတင်းထောက်အား ပြောပြခဲ့တယ်။ တော်လင်က တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသော ဈေးကွက်များထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီး တရုတ်ဈေးကွက်ကို နီးကပ်စွာ မဝင်ရောက်ပါက နိုင်ငံတကာဈေးကွက်များမှာ ထူးချွန်သူ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။

   စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု ကုန်စည်ပြ ပွဲဟာ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံမှ ပထမဆုံး အကြိမ် ကျင်းပခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုကို အဓိကအဖြစ်ထားတဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲ ဖြစ်ပြီး နိုင်ငံခြားလုပ်ငန်းရှင်များက တရုတ်နိုင်ငံကို နားလည်သိရှိဖို့၊ အခွင့်အလမ်းများကို ရှာကြံဖို့ အရေးကြီးတဲ့ ပြတင်းပေါက်တစ်ချပ်လည်း ဖြစ်ပါတယ်။ ပြပွဲမှာ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်ရေးဇုန်ကို ပထမဆုံးအကြိမ် ထားရှိပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့တယ်။ နိုင်ငံနဲ့ဒေသပေါင်း ၁၂၀ မှ လုပ်ငန်းရှင် ၈ သောင်းလောက် ပြပွဲမှာ ပါဝင်ပြသခဲ့ကြတယ်။ ပဏာမ စာရင်းအရ ပြပွဲအတွင်း လုပ်ငန်းစဉ် ၆၈၈ ခု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များကို ချုပ်ဆိုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ ယွမ်ငွေ ၄၈၈.၉၂ ဘီလီယံ ရှိပါတယ်။ ပြပွဲရဲ့သက်ဆိုင်ရာဖိုရမ်မှ ထုတ်ပြန်ခဲ့တဲ့ "နှစ်ဦးနှစ်ဖက် ရင်းနှီးမြှပ်နှံမှု အစီရင်ခံစာ ၂၀၂၄" အရ ၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံက နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်း ကမ္ဘာ့ဒုတိယ အများဆုံးနိုင်ငံ ဆက်လက် ဖြစ်လာခဲ့ပါတယ်။

   နိုင်ငံခြား လုပ်ငန်းရှင်များက တရုတ်ဈေးကွက်များမှာ အသွင်ပုံစံမျိုးစုံနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးအမြတ်များကို အတူ မျှဝေခံစားနေကြကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။