အာရပ် စော်ဘွားများ နိုင်ငံ ဒုသမ္မတ၊ ဝန်ကြီးချုပ် Mohammed bin Salman ၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၁ ရက်နေ့ညပိုင်းက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် စင်းလုံးငှါးလေယာဉ်ဖြင့် Abu Dhabi Zayed အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး အာရပ် စော်ဘွားများ နိုင်ငံ၌ တရားဝင် ခရီးစဉ် စတင်ခဲ့သည်။
လီချန်က တရုတ် နှင့် အာရပ် စော်ဘွားများ နိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၄၀ အတွင်း နှစ်ဖက်ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် အချိန်နှင့်အမျှ ပိုမို ခိုင်မာ အားကောင်းလာကြောင်း၊ ယခုနှစ် မေလပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် သမ္မတ Mohamed bin Zayed Al Nahyan နှင့် တွေ့ဆုံခဲ့ပြီး တရုတ် နှင့် အာရပ် စော်ဘွားများနိုင်ငံ ဆက်ဆံရေး အနာဂတ်ရေးကို စီမံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားများ ပေး ခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။