ယခုနှစ် ပထမ ၈ လ အတွင်း တရုတ်နိုင်ငံ၏ ကုန်စည် သွင်းကုန် ပို့ကုန် စုစုပေါင်းပမာဏ ယွမ် ၂၈.၅၈ ထရီလီယံ ရှိ

(GMT+08:00)2024-09-11 14:21:10  

တရုတ် အကောက်ခွန်ဌာနချုပ်မှ စာရင်းအရ ယခုနှစ် ပထမ ၈ လ အတွင်း တရုတ်နိုင်ငံ၏ ကုန်စည် သွင်းကုန် ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ် ၂၈.၅၈ ထရီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ယင်းတို့အနက် ပို့ကုန်ပမာဏမှာ ၁၆.၄၅ ထရီလီယံ ရှိပြီး ၆.၉ ရာခိုင်နှုန်းကျော် တိုးလာကာ သွင်းကုန် ပမာဏမှာ ၁၂.၁၃ ထရီလီယံ ရှိပြီး ၄.၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ ကုန်သွယ်ရေး ပိုငွေပြမှုပမာဏမှာ ၄.၃၂ ထရီလီယံ ရှိပြီး ၁၃.၆ ရာခိုင်နှုန်း တိုးလာကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။