တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိ သည် စက်တင်ဘာလ ၁၀ ရက်နေ့က စိန့်ပီတာစဘတ်မြို့တွင် ရုရှားပြည်ထောင်စုလုံခြုံရေး ကောင်စီ အတွင်းဝန် Sergey Kuzhugetovich Shoigu နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိ က ယခုနှစ်အတွင်း တရုတ်-ရုရှားနှစ်ဦးနှစ်ဖက်တို့ သည် တရုတ်-ရုရှားနှစ်နိုင်ငံ သံတမန်အဆက်အသွယ် ထားရှိသည့် ၇၅ နှစ် ပြည့်မြောက် သည့် အစသစ်တွင် အဆင့်ဆင့်ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံထိပ်သီး ခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို အကောင်အထည် ဖော်ကာ တရုတ်-ရုရှားထာဝရအိမ်နီးချင်းခင်မင်ရင်းနှီးမှု၊ ဘက်စုံမဟာဗျူဟာမြောက်ညှိနှိုင်း ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရှိစေမှုတို့၏ နိုင်ငံရေးနှင့် လူမှုရေးအခြေခံအုတ်မြစ်ကို တစ်ဆင့်တက်ခိုင်မာလာစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
နှစ်ဦးနှစ်ဖက်တို့သည် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ ကြပါသည်။ Sergey Kuzhugetovich Shoigu သည် ရုရှားနိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ရာ တရုတ်နှင့် ဘရာဇီးနှစ်နိုင်ငံတို့မှ ပူးတွဲတင်ပြသော သဘောတူညီမှု ၆ ချက်ကို ကြိုဆိုကြောင်း၊ ၄င်းသဘောတူညီမှုများအား နိုင်ငံတကာအသိုင်းအဝိုင်း မှ ကျယ် ကျယ် ပြန့် ပြန့် လက်ခံကြသည်ကို မြင်လိုကြောင်း ပြောကြားခဲ့ပါသည်။