၆ ကြိမ်မြောက် တရုတ်-အာဆီယံ ရုပ်သံ ရက်သတ္တပတ်ကို နန်နင်းမြို့၌ စတင်ကျင်းပ

(GMT+08:00)2024-09-11 14:19:04  

စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက ၆ ကြိမ်မြောက် တရုတ်-အာဆီယံ ရုပ်သံ ရက်သတ္တပတ်ကို  နန်နင်းမြို့၌ စတင်ကျင်းပခဲ့သည်။

ယခုအကြိမ် ရုပ်သံ ရက်သတ္တပတ်တွင် “လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အခွင့်အလမ်းသစ်များ မျှဝေပြီး ရုပ်သံ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်သစ်ကို ဖန်တီးခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ဖွင့်ပွဲအခမ်းအနား၊ ပဒေသာကပွဲ၊ ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ရုပ်သံ ရင်းနှီးမြှုပ်နှံသူများ ညီလာခံ၊ တရုတ်-အာဆီယံ ရုပ်သံ ရက်သတ္တပတ်  ဘာသာပြန် ဇတ်လမ်းတွဲများ ထုတ်လွှင့်ပွဲ၊ တရုတ်-အာဆီယံ လူငယ် အစီအစဉ်မှူးများ ပျိုးထောင်ရေး စခန်း(Season 4 )၊ ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ရုပ်သံ ရက်သတ္တပတ် ပရိုမိုးရှင်းပွဲ၊ “ချစ်ကြည်ရေးသီချင်းများ အတူသီဆိုကြ” တရုတ်-ဗီယက်နမ် ဇတ်လမ်းတွဲနှင့် ရုပ်ရှင် သီချင်းများ သီဆိုပွဲ စသည့် အဓိက လှုပ်ရှားမှု ၆ မျိုး ကို ကျင်းပမည်ဖြစ်ကြောင်း၊  တရုတ်နှင့်အာဆီယံအကြား မီဒီယာ ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တက်ကြွစွာ တွန်းအားပေးပြီး တရုတ်-အာဆီယံ  ရုပ်သံ လုပ်ငန်း အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ ဝန်ဆောင်ပေးကာ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို ဝန်းဆောင်ပေးမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။