ဒေသစံတော်ချိန် စက်တင်ဘာလ ၁၀ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယူကရိန်း လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုင်ရာ အရေးပေါ်ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ဒုတိယကိုယ်စားလှယ် ကင်စွမ်က လောလောဆယ်လုပ်ဆောင်ရမည့် ကိစ္စရပ်များ သည် စစ်မြေပြင် ပြန့်ကျဲခြင်းမရှိရန်၊ စစ်ပွဲ အရှိန်မမြှင့်ရန်၊ ဘက်အသီးသီးမှ မီးလောင်ရာ လေပင့်မှု မပြုရန်ဟူတဲ့ မူဝါဒ၃ရပ်ကို လိုက်နာ ဆောင်ရွက်ပြီး အခြေအနေကို တတ်နိုင်သမျှ အမြန်ဆုံးတည်ငြိမ်အောင် တွန်းအားပေး ရမည်ဖြစ် ကြောင်း ပြောကြားခဲ့ ပါသည်။
ကင်စွမ်က ယူကရိန်းပြဿနာအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် အလွန် ရှင်းလင်းပြတ်သားကြောင်း၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန်နှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ပင် ဖြစ်ကြောင်း၊ မိမိတို့သည် ပြောသည့်အတိုင်း လုပ်သည်သာဖြစ်ကြောင်း အမေရိကန် ကိုယ်စားလှယ်၏ပြောဆိုချက်နှင့်ပတ်သက်၍ တုံ့ပြန်ပြောကြား ခဲ့ပါသည်။