William Lai ၏ ထိုင်ဝမ်သီးခြားတည်ရှိရေးဆိုင်ရာ အပြောအဆိုနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ တုံ့ပြန်ပြောကြား

(GMT+08:00)2024-09-11 14:28:53  

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ် ရေးရာရုံး၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချင်ပင်ဟွာ က မိမိတို့အနေဖြင့် ထိုင်ဝမ်ဒေသခေါင်းဆောင် William Lai ၏ ထိုင်ဝမ်သီးခြားတည်ရှိရေး ဆိုင်ရာ အပြောအဆိုကို လက်မခံနိုင်ကြောင်း၊ သက်ညှာမှာ မဟုတ်ကြောင်း၊ မိမိတို့သည် မည်သည့် ထိုင်ဝမ်သီးခြားတည်ရှိရေးကြံစည်ချက်များကို မဆို အနိုင်ရရှိရန် ခိုင်မာသော ဇွဲသတ္တိရှိပြီး ယုံကြည်စိတ် အပြည့်အဝရှိကာ လုံလောက်သော စွမ်းရည်ရှိကြောင်း၊ ထိုင်ဝမ်သီးခြားတည်ရှိရေးအင်အားသည် အရဲစွန့်၍ လုပ်လျှင် မိမိတို့သည် လိုအပ်သော ဆောင်ရွက်ချက်များဖြင့် ဆုံးခန်းတိုင်အောင် ချေမှုန်းတိုက်ဖျက်မည် ဖြစ်ကြောင်း တုံ့ ပြန် ပြောကြား ခဲ့ပါသည်။