၄၇ကြိမ်မြောက် ကမ္ဘာ့ကျွမ်းကျင်မှု ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ Lyon၌ စတင်ကျင်းပ

(GMT+08:00)2024-09-11 14:26:51  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၀ရက်နေ့ ည၇နာရီက ၄၇ကြိမ်မြောက် ကမ္ဘာ့ကျွမ်းကျင်မှု ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ Lyon၌ စတင်ကျင်းပခဲ့ပါသည်။

ယခုအကြိမ်ပြိုင်ပွဲကို နိုင်ငံနှင့်ဒေသ ၇၀နီးပါးမှ လက်ရွေးစင် ၁၄၀၀ကျော် ပါဝင် ယှဉ်ပြိုင် ကြပါသည်။ သယ်ယူပို့ဆောင်ရေးနှင့် အချောပို့ဆောင်ရေး၊ ဖွဲ့စည်းတည်ဆောက်ပုံ နှင့် ဆောက်လုပ်ရေးနည်းပညာ၊ ကုန်ထုတ်လုပ်ရေး နှင့် အင်ဂျင်နီယာနည်းပညာ၊ သတင်း အချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဖန်တီးမှုအနုပညာ နှင့် ဖက်ရှင်၊ လူမှုရေး နှင့် ကိုယ်ရေးဝန်ဆောင်မှု စသောနယ်ပယ် ၆ခုမှ ပြိုင်ပွဲစဉ် ၅၉ခု တွင် ပါဝင်ယှဉ်ပြိုင်ရန် တရုတ် ကိုယ်စားလှယ်အဖွဲ့သည် လက်ရွေးစင် ၆၈ဦးကို စေလွှတ်ခဲ့ပါသည်။ ယင်းသည် တရုတ်နိုင်ငံ သတ္တမအကြိမ်မြောက် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကာ ကမ္ဘာ့ကျွမ်းကျင်မှု ပြိုင်ပွဲတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့ဝင် အများဆုံး၊ ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲလည်း အများဆုံး ဖြစ်ပါသည်။