စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်ဆိုင်ရာတရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက အမေရိကန် အောက်လွှတ်တော်သည် ဟောင်ကောင်နှင့် ပတ်သက်သည့် အပျက်သဘောဆောင်သော ဥပဒေကြမ်း အတည်ပြုခြင်းနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦးရဲ့ အမေးကို ပြန်လည်ဖြေကြားရာတွင် တရုတ်-အမေရိကန် ဆက်ဆံမှု တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကြီးမားသောထိခိုက်မှု မဖြစ်ပေါ်စေရန် သက်ဆိုင်ရာဥပဒေကြမ်းကို မြှင့်တင်ခြင်းအား ချက်ချင်းရပ်တန့်ရန်၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ နှင့် ၎င်း၏ပြည်ပအေဂျင်စီများအား တမင်အပုပ်ချခြင်းကို ရပ်တန့်ရန်နှင့် ဟောင်ကောင်အရေးနှင့် တရုတ်ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန် အမေရိကန်အား တိုက်တွန်းကြောင်း၊ အမေရိကန်က ဇွတ်အတင်း ဆက်လုပ်မည်ဆိုပါက တရုတ်နိုင်ငံက ပြတ်ပြတ်သားသား တန်ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန် အောက်လွှတ်တော်၏ ဟောင်ကောင်နှင့် ပတ်သက်သော အပျက်သဘောဆောင်သည့် ဥပဒေကြမ်းအပေါ် အမေရိကန်ဆိုင်ရာတရုတ်သံရုံးက တုံ့ပြန်
(GMT+08:00)2024-09-11 14:34:20