ဒေသစံတော်ချိန် ယခုလ ၁၀ ရက်နေ့ ည က အမေရိကန် ဒုသမ္မတ၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Harris နှင့် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Trumpတို့သည် Pennsylvaniaပြည်နယ် Philadelphia မြို့တွင် ၎င်းတို့၏ ပထမဆုံး ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ကြသည်။
၎င်းပွဲ ကို စီစဉ်သည့် ABC မှ အချက်အလက်များအရ အဆိုပါ စကားစစ်ထိုးပွဲကို Philadelphiaမြို့ရှိ အမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေ ဗဟိုဌာနတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲကျင်း ပသော အခန်းတွင် ပရိတ်သတ်များမရှိဘဲ စကားစစ်ထိုးပွဲ မိနစ် ၉၀ ကြာပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ၎င်းစကားစစ်ထိုးပွဲသည် ရွေးကောက်ပွဲမတိုင်ခင် နှစ်လအလိုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး သမ္မတလောင်း နှစ်ဦးအတွက် အဆုံးအဖြတ် ပေး နိုင်သော မိနစ် ၉၀ ဖြစ်သည်ဟု အမေရိကန် မီဒီယာများမှ မှတ်ချက်ပေးခဲ့ကြသည်။