China Media Groupမှ စီးရီးစ် ပေါင်းစပ် မီဒီယာ ဆောင်ရွက်ချက်များကို ဘေကျင်း၌ ထုတ်ပြန်

(GMT+08:00)2024-09-11 14:07:19  

စက်တင်ဘာလ ၁၀ ရက်နေ့က China Media Groupမှ စီးရီးစ် ပေါင်းစပ် မီဒီယာ ဆောင်ရွက်ချက်များကို ဘေကျင်း၌ ထုတ်ပြန်ခဲ့ပါသည်။ ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ အုပ်ချုပ်ရေးမှူး လီကာချို၊ မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ဟိုလပ်စိန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် ကွမ်တုန်းပြည်နယ် ပြည်နယ်မှူး ဝမ်ဝေကျုံတို့သည် ထုတ်ပြန်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ကြပါသည်။

   လီကာချိုက China Media Group သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ်၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို အဆက်မပြတ် တိုးချဲ့ပြီး ဟောင်ကောင် မြို့သူမြို့သားများက ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီး ၏ ဖွံ့ဖြိုးတိုးတက်မှုသစ်များ နားလည်သိရှိစေရန် ကူညီပေးခဲ့ကြောင်း ဗီဒီယို မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

  ဟိုလပ်စိန်က China Media Group နှင့် ပူးပေါင်းဆောင်ရွက်ပြီး ပိုမို ရသမြောက်လှသော မကာအို အကြောင်းဖြစ်ရပ်များကို ဆက်လက် ထုတ်လွှင့်ပြသရန် မျှော်လင့်ကြောင်း ဗီဒီယို မိန့်ခန်းတွင် ပြောကြားခဲ့ပါသည်။

 

ရှင့်ဟိုင်ရှုံက China Media Group သည် အားကောင်းသော ပေါင်းစပ် ထုတ်လွှင့် ပြသရေးဆိုင်ရာ အားသာချက်များနှင့် မီဒီယာ ပလက်ဖောင်း၏ အရင်းအမြစ်များကို အသုံး ချပြီး ဒေသကြီး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေး ထောက်ခံ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ဝေကျုံက လွန်ခဲ့သည့် ၅ နှစ်အတွင်း ကွမ်တုန်းနှင့် ဟောင်ကောင်၊ မကာအိုတို့သည် ဒေသကြီး တည်ဆောက်မှုကို လက်တွဲ တွန်းအားပေးပြီး အောင်မြင်မှု နယ်ပယ် အသီးသီး၌ အောင်မြင်မှု ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။