ယခုလ ၁၀ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ ၄င်းက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်း ထိပ်သီး အစည်းအဝေး အပြီးတွင် သတင်းထောက် နှင့် တွေ့ဆုံရာ၌ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် တရုတ် နိုင်ငံ အနေနှင့် အာဖရိကနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း၏ ထူးခြားချက် ၃ချက်ကို ပေါင်းရုံးသုံးသပ်ခဲ့ ကြောင်း၊ ယင်းထူးခြားချက်များမှာ အာဖရိက နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မပြုဘဲ စိတ်ရင်း စေတနာဖြင့် ကူညီ ပံ့ပိုးမှုကို ပေးအပ်ခြင်း၊ အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များနှင့် အညီ အာဖရိက၏ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်နိုင်စွမ်း တိုးမြှင့်ရေးကို အလေးထားခြင်း၊ ပထဝီ နိုင်ငံရေး အားပြိုင်မှုကို မပြုဘဲ အာဖရိကတွင် အုပ်စုအလိုက် ထိပ်တိုက်ရင်ဆိုင်မှု ဖန်တီးရန်နှင့် အာဖရိကကို အားကိုး ပြီး ကိုယ်ကျိုးစီးပွား ရှာကြံမှု ဆန့်ကျင်ခြင်းတို့ ဖြစ်ကြောင်း၊ အမှန် တကယ်တော့ တည်ထောင်ခဲ့သည့် ၂၄နှစ် အတွင်း တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သည် အာဖရိက ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးနှင့် အာဖရိက ပြည်သူများ၏ စားဝတ်နေရေးကို ကောင်းမွန်စေရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ အာဖရိကတွင် ကားလမ်း ကီလိုမီတာ ၁သိန်းခန့်နှင့် မီးရထားလမ်း ကီလိုမီတာ ၁သောင်းကျော်ကို အသစ် ဖောက်လုပ်(သို့) အဆင့်တိုးမြှင့်ပေးပြီး တံတား ၁ထောင်ခန့်နှင့် ဆိပ်ကမ်း ၁၀၀ခန့်ကို ဆောက်လုပ်ပေးခဲ့ကြောင်း၊ လွန်ခဲ့သည့် ၃နှစ် အတွင်းမှာ ပင် တရုတ် လုပ်ငန်း ကုမ္ပဏီများသည် အာဖရိက အတွက် အလုပ်အကိုင် နေရာ ၁၁သိန်းကျော်ကို ဖန်တီး ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အာဖရိကနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေးသည် တရားမျှတမှုကို စွဲကိုင်ပြီး တန်းတူညီမျှမှုကို ဖော်ဆောင်ကာ လက်တွေ့ကျကျ ဆောင်ရွက်မှုကို အားပေးတိုက်တွန်းသင့် သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို
(GMT+08:00)2024-09-11 14:31:46