စက်တင်ဘာလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အမျိုးသမီးများဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အမျိုးသမီးများဖိုရမ်ကို စတင် ကျင်းပခဲ့စဉ် ကတည်းက နိုင်ငံ အသီးသီးမှ အမျိုးသမီးများသည် ရှန်ဟိုင်းစိတ်ဓာတ်နှင့်အညီ ပိုမို ရင်းနှီးသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းကို တွန်းအားပေးရေးအတွက် အမျိုးသမီးများ၏ အင်အားကို ဆောင်ကြဉ်းပေး ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့် လက်တွဲပြီး ဒစ်ဂျစ်တယ် နည်းပညာ အင်အားများဖြင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် အမျိုးသမီးရေးရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး ပိုမို သာယာလှပသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိမ်ရာကို အတူ တည်ဆောက်လိုပါကြောင်း ရေးသားဖော်ပြထားပါသည်။
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အမျိုးသမီးများဖိုရမ်ကို မကြာမီက စမ်းတုန်း ပြည်နယ် ချင်းတောင်မြို့၌ စတင်ကျင်းပခဲ့ကြောင်း China Media Group မှသတင်းအရ သိရပါသည်။