တရုတ်ပြည်လုံးဆိုင်ရာ ပညာရေးညီလာခံကို စက်တင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဘေကျင်း၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ညီလာခံသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က ပညာရေးတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာအောင် တည်ဆောက်ခြင်းသည် တရုတ်လူမျိုးများ၏ အစဉ်တစိုက် ဖြစ်သည့် သာယာသော ဆန္ဒဖြစ်ပြီး ယင်းသည် တရုတ်ပုံစံခေတ်မီရေးဖြင့် အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် ဘက်စုံတည်ဆောက်ရေး၊ မွန်မြတ်သော အမျိုးသားရှင်သန်ရေးကို ဘက်စုံ မြှင့်တင်ရန်အတွက် ဦးဆောင်တာဝန်၊ ခိုင်မာသောအခြေခံအုတ်မြစ်နှင့် မဟာဗျူဟာမြောက် ထောက်ပံ့မှုဖြစ်ကာ သတ်မှတ် ပန်းတိုင်ဆီသို့ ခိုင်ခံ့စွာ လျှောက်လှမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။