ရှီကျင့်ဖိန်သည် စပိန် ဝန်ကြီးချုပ် စန်ချယ်ဇ်နှင့် တွေ့ဆုံ

(GMT+08:00)2024-09-10 16:02:36  

   စက်တင်ဘာလ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ် ရောက်ရှိလာသော စပိန် ဝန်ကြီးချုပ် စန်ချယ်ဇ်နှင့် တွေ့ဆုံခဲ့ပါသည်။

  ရှီကျင့်ဖိန်သည် စပိန် ဘုရင် Felipe VI အား နှုတ်ခွန်းဆက်သည့် စကားကို စန်ချယ်ဇ်မှတစ်ဆင့် ပြောခဲ့သည်။ ရှီကျင့်ဖိန်က လွန်ခဲ့သည့်နှစ်တွင် နှစ်နိုင်ငံတို့သည် တရုတ်နှင့် စပိန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်ခြင်းကို အတူ အထိမ်းအမှတ် ပြုခဲ့ကြပြီး လွန်ခဲ့သည့် တစ်နှစ်ကျော်အတွင်း နှစ်ဖက်တို့သည် ကဏ္ဍသစ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အရည်အသွေး မြင့်မားစွာ တွန်းအား ပေးခဲ့ကြကြောင်း၊ လာမည့်နှစ်သည် နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၂၀ ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး နှစ်ဖက်တို့သည် ရေရှည် တည်ငြိမ် ခိုင်ခံ့သော မဟာဗျူဟာမြောက် ဆက်ဆံရေးကို တည်ဆောက်၍ နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်သို့ တိုးမြှင့်ရန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  စန်ချယ်ဇ်သည် ဘုရင် Felipe VI ရှီကျင့်ဖိန်အား နွေးထွေးသော နှုတ်ခွန်းဆက် စကားကို တစ်ဆင့် ပြောကြားခဲ့သည်။ စန်ချယ်ဇ်က စပိန်နှင့် တရုတ် ချစ်ကြည်ရေးသည် သမိုင်းသက်တမ်း ကြာမြင့်ပြီး နှစ်နိုင်ငံတို့သည် အပြန်အလှန် လေးစားရေး အခြေခံပေါ်တွင် မိတ်ဖက်ဆက်ဆံမှုကို အဆက်မပြတ် တိုးမြှင့်ခဲ့ကြောင်း၊ ယခုအကြိမ် ခရီးစဉ်အတွင်း နှစ်ဖက်အကြား အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နယ်ပယ်များစွာမှ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ပြီး နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်ရေး၏ ကောင်းမွန် ထွန်းလင်းသော အလားအလာကို ပြသထားကြောင်း ပြောကြားခဲ့ပါသည်။