လီချန်သည် စပိန် ဝန်ကြီးချုပ် စန်ချယ်ဇ်နှင့် တွေ့ဆုံ

(GMT+08:00)2024-09-10 16:01:31  

စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ် ရောက်ရှိလာသော စပိန် ဝန်ကြီးချုပ် စန်ချယ်ဇ်နှင့် တွေ့ဆုံခဲ့ပါသည်။

လီချန်က တရုတ်နိုင်ငံသည် တရုတ်-စပိန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊လာမည့်နှစ်သည် တရုတ်-စပိန် ဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၂၀ ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး တရုတ်နိုင်ငံအနေနှင့် စပိန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီမှုများကို အကောင်အထည်ဖော်ကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ဆက်တိုက်ခိုင်မာစေပြီး နှစ်နိုင်ငံအတွက် ပိုမိုများပြားသော ၊လက်တွေ့ကျသော ရလဒ်များ ရရှိ ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။

စန်ချယ်ဇ်က စပိန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို လွန်စွာအလေးထားပြီး စပိန်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို တစ်ဆင့်တိုး တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။