ဒေသစံတော်ချိန် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ဗီယက်နမ်နိုင်ငံ Phu Tho ပြည်နယ်ရှိ Phong Chau တံတား ပြိုကျခဲ့ပြီး မော်တော်ကား ၁၀ စီး၊ မော်တော်ဆိုင်ကယ်များနှင့် လူ ၁၇ ဦး ရေထဲ သို့ ကျသွားခဲ့သည်။ ထိုနေ့ မွန်းလွဲ ၁ နာရီအထိ လူ ၄ ဦးကို သာ ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ ၁၃ ဦးကို ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်းများက ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။
Phong Chau တံတားသည် မီတာ ၃၈၀ ခန့် ရှည်လျားပြီး ၁၉၉၅ ခုနှစ် ဇူလိုင်လက တည်ဆောက် ပြီးစီးခဲ့ပြီး ၂၀၁၃ ခုနှစ်က Phong Chau တံတားကြီးတွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စ၍ တန်ချိန် ၁၈ တန်နှင့် အထက်ရှိသော ယာဉ်များကို ယင်းတံတား ပေါ်မှ ဖြတ်သန်းခွင့်အား ပိတ်ပင်ခဲ့ ကြောင်း သတင်းအရ သိရှိရ သည်။