ရှီကျင့်ဖိန် သည် နော်ဝေးဝန်ကြီးချုပ် Store နှင့် တွေ့ဆုံ

(GMT+08:00)2024-09-10 15:59:35  

စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တျောက်ယုထိုင်နိုင်ငံတော်ဧည့်ဂေဟတွင် တရုတ်နိုင်ငံသို့ တရားဝင်လာရောက်လည်ပတ် နေသည့် နော်ဝေးနိုင်ငံဝန်ကြီးချုပ် Store နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က နော်ဝေးနိုင်ငံဘုရင် Harald V အား နှုတ်ခွန်းဆက်သခြင်းကို တစ်ဆင့်ပြောပြပေးရန် Jonas Gahr Store အား မေတ္တာရပ်ခံ ပြောကြား ခဲ့ပါသည်။ ရှီကျင့်ဖိန် က တရုတ်-နော်ဝေး နှစ်နိုင်ငံ သံတမန် အဆက် အသွယ်ထားရှိသည့် အနှစ် ၇၀ အတွင်းတွင် နှစ်နိုင်ငံပြည်သူများသည် အချင်းချင်း လေးစားပြီး အချင်းချင်း တန်ဖိုးထားကာ အချင်းချင်းသင်ယူလေ့လာ၍ အဖိုးတန်သော ချစ်ကြည်ရေးကို ထားရှိခဲ့ကြ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နော်ဝေးနိုင်ငံနှင့်အတူ တရုတ်-နော်ဝေး ခင်မင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရန် ဆန္ဒရှိကြောင်း၊ နှစ်ဦးနှစ်ဖက်တို့ သည် ကိုယ်စီအားသာချက်များကို ပေါင်းစပ်ပြီး အစိမ်းရောင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွမ်းအင်အသွင်ပုံစံကူးပြောင်းရေး၊ ပင်လယ် ရေကြောင်းပို့ဆောင်ရေး၊ လယ်ယာထွက်ကုန်များနှင့် ရေထွက်ကုန်များ၊ လျှပ်စစ် မော်တော်ကားစသည့်နယ်ပယ်များ တွင် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုများကို အဆက် မပြတ်တိုးချဲ့ပြုလုပ်ကာ ပညာရေး၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ဆောင်းရာသီအားကစားစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး ဝန်ထမ်းများအကြား အထူးသဖြင့် လူငယ်များအကြား ကူးလူးဖလှယ်မှုများ တိုးမြှင့်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
    Jonas Gahr Store က ဘုရင် Harald V ထံမှ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အား ခင်မင်ရင်းနှီးသော နှုတ်ခွန်းဆက်သခြင်းကို တစ်ဆင့်ပြောကြားခဲ့ပါသည်။ Jonas Gahr Store က နော်ဝေးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ကျင့်သုံးလျက်ရှိကြောင်း၊ တစ်ဦး၏ အမြုတေအကျိုးစီးပွားနှင့် အဓိကပူပန်မှုများကို တစ်ဦးက လေးစားခြင်း၊ အပြန်အလှန် သင်ယူလေ့လာခြင်း၊ ကူးလူးဖလှယ်ပြီး အပြန်အလှန်အတုယူခြင်း၊ အပြန်အလှန်အကျိုးရှိ စေခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။