တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စက်တင်ဘာလ ၉ရက်နေ့တွင် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivianနှင့် ဘေကျင်းမြို့၌ တွေ့ဆုံခဲ့ပါသည်။
ဝမ်ယိက တရုတ်နိုင်ငံသည် စင်ကာပူနိုင်ငံနှင့် ဖွံ့ဖြိုးရေးမဟာဗျူဟာများ ချိတ်ဆက် မှုကို အားကောင်းစေပြီး နှစ်နိုင်ငံခေါင်းဆောင်များ အတူအတည်ပြုထားသော ဘက်စုံ အရည်အသွေးမြင့် အမြော်အမြင်ရှိသည့် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုရန် ဆောင်ရွက် လိုကြောင်း၊ နှစ်ဖက်တို့သည် ဒေသတွင်း တစ်ပြေးညီဖြစ်ရေးနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို မြှင့်တင်ရေးအတွက် ပိုမိုကြီးမာသော အင်အားကို စုဆောင်းပြီး ဆက်တိုက်တွန်းအားပေးရန် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး အစီအစဉ်များ အဆင့် မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Vivian က စင်ကာပူအစိုးရသစ်သည် လာမည့်နှစ်တွင် စင်ကာပူနှင့် တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထားရှိသည့် ၃၅ နှစ်ပြည့်မြောက်ခြင်းကို အခွင့်ကောင်းအဖြစ် ထားပြီး အဆင့်မြင့် အရာရှိကြား ကူးလူးဖလှယ်မှုအတွက် ပြင်ဆင်ရန်နှင့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်ရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။