ဒေသစံတော်ချိန် စက်တင်ဘာလ ၉ရက်နေ့ ညနေပိုင်းက ဗြိတိန်နိုင်ငံ ဝေလပြည်နယ်မှ မင်းသမီး ကိတ်သည် Norfolk၌ ရိုက်ကူးခဲ့သော ၃မိနစ်ကျော်ကြာ ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ မိမိသည် ကြိုတင်ကာကွယ်ရန် ဓာတုကုထုံး ကုသမှုကို ပြီးမြောက်ပြီ ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းတွင် လှုပ်ရှားမှုများကို တတ်နိုင်သမျှတက်ရောက်မည် ဟု ပြောကြားခဲ့ ပါသည်။ သို့သော် အပြည့်အဝပြန်လည်နာလန်ထူနိုင်ရန် အချိန်ယူရဦးမည် ဖြစ်ပြီး ၎င်း၏အာရုံစိုက်မှုသည် ကင်ဆာရောဂါ အနားမကပ်စေရန် ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။