ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ ပညာရေးညီလာခံတွင် အရေးကြီးမိန့်ခွန်း ပြောကြား

(GMT+08:00)2024-09-10 15:59:02  

ပြည်လုံးဆိုင်ရာ ပညာရေးညီလာခံကို စက်တင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဘေကျင်း၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ညီလာခံသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့သည် တရုတ်နိုင်ငံ၏ အကြိမ် ၄၀ မြောက် ဆရာများနေ့ဖြစ်ပြီး ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီကိုယ်စား နိုင်ငံတစ်ဝှမ်းရှိ ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်းများအား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ဆရာ၊ ဆရာမများကို လေးစားတန်ဖိုးထားခြင်းသည် တရုတ်လူမျိုး၏ အစဉ်အလာ ကောင်းတစ်ခုဖြစ်ကြောင်း၊ ဆရာဆရာမများ၏ နိုင်ငံရေးအဆင့်အတန်း၊ လူမှုအဆင့်အတန်းနှင့် အသက်မွေးဝမ်းကျောင်းအဆင့်အတန်းများ မြှင့်တင်ရန် ၊ ဆရာဆရာမများ၏ လစာ အာမခံပေးရေးကို အားကောင်း စေရန်၊ မူလတန်းနှင့် အလယ်တန်း ဆရာဆရာမများ၏ ထောက်ပံ့ကြေးစံနှုန်းကို တိုးမြှင့်ရန်၊ ကောလိပ်နှင့် တက္ကသိုလ်များ၏ လစာစနစ် ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ ဆရာ၊ဆရာမများသည် မြင့်မားသောလူမှုရေးဂုဏ်သိက္ခာကို ခံစားစေပြီး အလေးစားရဆုံးသော အလုပ်အကိုင် များထဲမှ တစ်ခု ဖြစ်ပါစေကြောင်း ပြောကြားခဲ့ ပါသည်။