Cai Qiသည် စင်ကာပူ ပြည်သူ့လှုပ်ရှားမှု ပါတီကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

(GMT+08:00)2024-09-10 16:01:09  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်းကော်မတီဝင်၊ ပါတီ ဗဟိုအတွင်းရေးမှူးရုံးမှ အတွင်းရေးမှူး Cai Qiသည် ယခုလ ၉ ရက်နေ့က ဘေကျင်း တွင် စင်ကာပူပြည်သူ့လှုပ်ရှားမှုပါတီ ဗဟိုနိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ၊အစိုးရ နိုင်ငံခြားရေးဝန်ကြီး Vivian ဦးဆောင်သော ပြည်သူ့လှုပ်ရှားမှုပါတီ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ ကြောင်း သိရပါသည်။

Cai Qiက အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် စင်ကာပူခေါင်းဆောင်များနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ပြီး မဟာဗျူဟာနှင့် ရေရှည်ရှုထောင့်မှ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို စီစဉ်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်ဆံရေးကို တိုးမြှင့်ပြီး အပြန်အလှန် သင်ယူလေ့လာမှုကို နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံ၏ခေတ်မီတိုးတက်ရေးတည်ဆောက်မှုအတွက် ဆောင်ရွက်ပေးပြီး အာရှ-ပစိဖိတ်ကံကြမ္မာအသိုက်အဝန်းတည်ဆောက် မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Vivianက စင်ကာပူ-တရုတ် ပါတီချင်း ကူးလူးဆက်ဆံရေး စနစ် မှတစ်ဆင့် ပါတီနှင့် နိုင်ငံကို စီမံအုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန် လေ့လာသင်ယူမှု ပိုမိုနက်ရှိုင်းစေကာ စင်ကာပူ-တရုတ် ဆက်ဆံရေး ဘက်စုံ နက်ရှိုင်းလာအောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါ သည်။