အယ်လ်ဆာဗေးဒိုးလေတပ်ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုကြောင့် ရဲချုပ်အပါအဝင် လူ ၉ ဦး သေဆုံး

(GMT+08:00)2024-09-10 15:57:21  

ဒေသစံတော်ချိန် စက်တင်ဘာလ ၈ ရက်နေ့ညပိုင်းတွင် အယ်လ်ဆာဗေး ဒိုး လေတပ် ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့မှုကြောင့် အမျိုးသားရဲဌာနချုပ်မှ ရဲချုပ် Mauricio Arriaza အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ကြောင်း အယ်လ်ဆာဗေးဒိုးသမ္မတ Bukele က စက်တင်ဘာလ ၉ ရက်နေ့တွင် ၎င်း၏ ဆိုရှယ်မီဒီယာ၌ ကြေညာခဲ့ပါသည်။ အယ်လ်ဆာဗေးဒိုးစစ်တပ် ရဟတ်ယာဉ်သည် အယ်လ်ဆာဗေးဒိုးနှင့် ဟွန်ဒူးရပ်စ်နိုင်ငံကြား နယ်စပ်တွင် တာဝန်လုပ်ဆောင်နေစဉ် ပျက်ကျခဲ့ တာကြောင့် ရဟတ်ယာဉ်ပေါ်ပါ လူကိုးဦး သေဆုံးခဲ့ကြောင်း သိရပါသည်။ အဆိုပါ ရဟတ်ယာဉ် ပေါ်တွင် ရဲအရာရှိ ၄ ဦး၊ လေယာဉ်အမှုထမ်း ၃ ဦး၊ သတင်းထောက် ၁ ဦးနှင့် ရာဇဝတ်မှု ကျူးလွန်သူ ၁ ဦးတို့ ပါဝင်ကြောင်း သိရှိရပြီး နိုင်ငံတော်အတွင်း ဝမ်းနည်းပူဆွေးခြင်းကာလကို သုံးရက်ကြာ သတ်မှတ်ခဲ့ကြောင်း သမ္မတBukele က ကြေညာခဲ့ပါသည်။