စက်တင်ဘာလ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ Kentucky ပြည်နယ် လန်ဒန်မြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းမှုခင်းဖြစ်ပွားရာနေရာအနီးရှိ အမြန်လမ်းကို ပိတ်ပင် ခဲ့ရသည်။
လန်ဒန်မြို့ မြို့တော်ဝန် Randall Wedel က ယင်းပစ်ခတ်မှု ဖြစ်စဉ် တွင် လူအများအပြား ပစ်ခတ်ခံခဲ့ရကြောင်း၊ နောက်ထပ်ကြေညာချက်မထုတ်ခင် လမ်းပိတ်ထား သည့် အပိုင်းများ ကို ရှောင်ရှားကြရန် ဒေသခံများအား သတိပေးထားကြောင်း ဆိုရှယ်မီဒီယာတွင် ဖော်ပြ ထားပါသည်။
အဆိုပါ သေနတ် ပစ်ခတ်မှုနှင့်ပတ်သက်၍ အခြား အသေးစိတ်အချက်အလက်များကို အစိုးရက ထုတ်ပြန်ခြင်းမရှိသေးကြောင်း သတင်းအရ သိရှိရသည်။