Trump ကို မဲပေးမှာ မဟုတ်ကြောင်း အမေရိကန် ဒုသမ္မတဟောင်း Cheneyဆို

(GMT+08:00)2024-09-08 16:21:51  

အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ ဒုသမ္မတဟောင်း Dick Cheney က ယခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း၊ လက်ရှိဒုသမ္မတ Kamala Harris ကို မဲပေးမည်ဖြစ်ပြီး Trump သည် ကြီးမားသော "ခြိမ်းခြောက်မှု" ဖြစ်ကာ  Trump ၏ ပြိုင်ဘက် Harris ကို မဲပေးမည်ဟု ယခုလ ၆ ရက်နေ့က ပြောကြားခဲ့သည်။

Trump သည် Cheneyအား "အမည်ခံရီပတ်ဘလစ်ကန်"သာဖြစ်ပြီး "အရေးမကြီးသူ"ဟု ချက်ချင်း ဝေဖန်ခဲ့ ကြောင်း သတင်းအရ သိရှိရ သည်။