ဘိုလီးဗီးယား အစိုးရက တောမီး ပြင်းထန်စွာ လောင်ကျွမ်းမှုကြောင့် နိုင်ငံတွင်း၌ အရေးပေါ် အခြေအနေ ရောက်ရှိ သည်ဟု ယခုလ ၇ ရက်နေ့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာခဲ့ကြောင်း သိရှိရသည်။
အစိုးရမှအချက်အလက်များအရ ယခုအချိန်အထိ ဧရိယာ ဟက်တာပေါင်း ၃.၈ သန်းသည် မီးဘေးဒဏ်များ ခံခဲ့ရကြောင်း၊ ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ ဘရာဇီး၊ ချီလီနှင့် အခြားနိုင်ငံများမှ မီးသတ်သမားများနှင့် ဘေးအန္တရာယ် လျှော့ချရေး အဖွဲ့များသည် ဘေး ကယ်ဆယ်ရေးအတွက် ဘိုလီးဗီးယားသို့ သွား ရောက်ခဲ့ကြောင်း သတင်းအရ သိရှိ ရ သည်။