ယခုလ ၇ရက်နေ့က ဘရာဇီးနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၂၀၂နှစ်မြောက်အထိမ်းအမှတ် အဖြစ် Brasiliaမြို့တော်၌ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံပွဲကို ကျင်းပခဲ့ကြောင်း၊ ဘရာဇီးသမ္မတလူလာသည် တပ်ဖွဲ့ဝင် များကို ကြည့်ရှုစစ်ဆေး ပြီး အစိုးရအရာရှိများနှင့်အတူ ဗိုလ်ရှုခံပွဲအခမ်းအနားကို ကြည့်ရှုခဲ့ ကြောင်း သတင်းအရသိရပါသည်။
စစ်သားများ ၊ Brasiliaမှ ကျောင်းသားကိုယ်စားလှယ်များ နှင့် ဘရာဇီးနိုင်ငံကိုယ်စားပြု ပါရီ အိုလံပစ် အားကစားပြိင်ပွဲတွင် ပါဝင်သူများ အပါအဝင် စုစုပေါင်း လူ ၉၀၀၀ခန့် ဗိုလ်ရှုခံပွဲတွင် ပါဝင်ခဲ့ ကြ ကြောင်း သတင်းအရ သိရပါသည်။